Showing posts with label Travelled Journal. Show all posts
Showing posts with label Travelled Journal. Show all posts

Friday, November 22, 2019

Shwe Pyi Resort သို့ အလည်တစ်ခေါက်


Shwe Pyi Resort သို့ အလည်တစ်ခေါက်





၂၁-၁၁-၂၀၁၉ ရက်နေ့ အမျိုးသားနေ့ ရုံးပိတ်ရက်ဖြစ်တဲ့အတွက် သူငယ်ချင်းများနဲ့ Shwe Pyi Resort သို့ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။


ရုံးပိတ်ရက်ဖြစ်တဲ့အတွက် ရွှေပြည်အပန်းဖြေစခန်းမှာ လာရောက်လည်ပတ်တဲ့သူ များပါတယ်။ မွေးနေ့ပွဲ လာရောက်ကျင်းပသူများ၊ အဖွဲ့အစည်းအလိုက် လာရောက်အပန်းဖြေသူများ၊ နိုင်ငံခြား ဧည့်သည်လာရောက်ခြင်းများကို မြင်တွေ့ရပါတယ်။

Shwe Pyi Resort ဝင်ကြေးမှာ ၂၀၀၀-ကျပ်ဖြစ်ပြီး နံနက် ၈-နာရီမှာ ညနေ ၆-နာရီထိ ဖွင့်လှစ် ထားပါတယ်။

Shwe Pyi Resort ဝင်းအတွင်းမှာ Airbus Café ကိုလည်း လေယာဉ်တစ်စီးဖြင့် ဖွင့်လှစ်ထားရှိ ပါတယ်။



ဝင်းက ဧက-၁၂၀ ကျော်ကျယ်ဝန်းပြီး ပန်းပုရုပ်ထုများ များစွာထုလုပ်ထားသော နေရာများစွာ ရှိပါတယ်။

ကျနော်တို့က ဝင်းအတွင်းလှည့်ပတ်ကြည့်ရှုရန် ဘက်တီကားကို ငှားကြပါတယ်။ သွားတဲ့ သူငယ်ချင်း စုစုပေါင်းက ၁၀-ယောက်ဖြစ်တဲ့အတွက် ကား ၂-စီး ငှားပါတယ်။ တစ်စီးကို ၇-ယောက်အထိ စီးနိုင်ပြီး Resort တစ်ပတ်ကို ကျပ်တစ်သောင်း ပေးရပါတယ်။

ဝင်းအတွင်းမှ ပန်းပုရုပ်ထုများနေရာတွင် ဆင်းကြည့်ပြီး ဓာတ်ပုံရိုက်ကြပါတယ်။











ဝင်းအတွင်း ဘဲလှေနဲ့ စက်ဘီး ငှားစီးလို့လည်း ရပါတယ်။ တစ်နာရီ ၂၀၀၀-ကျပ်ပါ။


ဆင်များထားတဲ့နေရာမှာ ကြံများ ဝယ်ကျွေးကြပါတယ်။ဆင်စီးမယ်ဆိုရင်တော့ တစ်ဦးကို ၅၀၀၀-ကျပ်ပါ။

တောလမ်းလေးအတိုင်း ဘက်တီကားက တစ်ပတ် မောင်းပို့စဉ်မှာ တောသဘာဝ သစ်ပင်၊ ဝါးပင်များ ပေါက်နေတာကို တွေ့မြင်ခံစားနိုင်ပါတယ်။


မြန်မာ့အနုပညာလက်ရာကို ကြည့်ရှုခံစားလိုသူများ၊ မွန်းကြပ်သောမြို့မှ ထွက်ခွာပြီး တောရိပ်တွင် အေးချမ်းစွာ အပန်းဖြေလိုသူများကတော့ Shwe Pyi Resort နေရာလေးကို သဘောကျကြမှာပါ။



ကျနော်တို့တွေ နေ့လည်စာကို ဘက်တီကားစီးဖို့စောင့်ရင်း Shwe Pyi Restaurant မှာ စားကြပါတယ်။ စားသောက်ဆိုင်အတွင်းမှာလည်း ပန်းပုလက်ရာများဖြင့် ပြင်ဆင် ခင်းကျင်းထားတာကို တွေ့မြင်ရပါတယ်။

ကျနော်တို့ သူငယ်ချင်းတစ်သိုက်ကတော့ အပန်းဖြေရင်း တစ်နေ့တာ ကုန်ဆုံးခဲ့ကြပါတယ်။





လွမ်းဧကရီ
၂၂-၁၁-၂၀၁၉

နေ့လည် ၁၂:၄၀ နာရီ

Monday, September 9, 2019

ကမ္ဘောဒီးယားနိုင်ငံသို့ အလည်တစ်ခေါက် အပိုင်း (၃)

ကမ္ဘောဒီးယားနိုင်ငံသို့ အလည်တစ်ခေါက်

အပိုင်း (၃)

ကမ္ဘာပေါ်မှာ အကြီးဆုံး ဘာသာရေးအထိမ်းအမှတ်နေရာဖြစ်တဲ့ Angkor Wat Temple ကို ၂၀၁၉-ခု ဇွန်လ (၂၈) ရက်နေ့ မနက်မှာ သွားရောက်ခဲ့ပါတယ်။

၁၆၂.၂ စတုရန်းပေ အကျယ်အဝန်းရှိတဲ့အတွက် လမ်းလျှောက်သွားရာမှာ အလွန်ကျယ်ပြန့်ပါတယ်။

ပထမအဆောက်အဦကို သွားတဲ့လမ်းမှာ ရေကန်ပေါ်မှာဖြစ်တဲ့အတွက် ဘောတံတားလို ခင်းထားတာပါ။






ပထမအဆောက်အဦကနေ ဒုတိယအဆောက်အဦသွားတဲ့လမ်းက Sandstone များ ခင်းထားတာကို တွေ့ရပါတယ်။







ကျနော်လည်း လှပတဲ့ Angkor Wat Temple ကို ဓာတ်ပုံများစွာ ရိုက်ယူခဲ့ပါတယ်။ မြန်မာလို “ထန်းရည်အေး” လို့ ရေးထားတဲ့ဆိုင်လေးတွေ့လို့ မေးကြည့်တော့ ခရီးသွားမြန်မာတစ်ယောက်က ရေးပေးခဲ့တာလို့ သိရပါတယ်။



လွမ်းဧကရီ
၉-၉-၂၀၁၉

၁၂:၂၄ နာရီ